
အဆက်အသွယ် လုပ်လို့ရနေပါလျက် အဆက်အသွယ် မလုပ်ဖြစ်တော့တဲ့ လူတစ်ယောက် ရှိတယ်။
ကိုယ်က သူ့ထက် ပိုချစ်ခဲ့တယ်။ ကိုယ်က သူ့ထက် ပိုဂရုစိုက်ခဲ့တယ်။ ဒါပေမယ့် ကိုယ်က သူ့လောက်တောင် မပျော်ရွှင်ခဲ့ရဘူး။
အရမ်း ဂရုစိုက်ခံရတဲ့သူတွေဟာ ဂရုမစိုက်တတ်ကြဘူး။ အံ့သြဖို့တော့ ကောင်းတယ်။ လူလည်ကြီးတွေ... ။
သူစိမ်းဆန်မှုတွေ ရောက်မလာခင် အရင်းနှီးဆုံး ဆက်ဆံရေးတွေ အရင် ဖြစ်တည်ခဲ့ကြတယ်။ အကြောင်းအရင်း မရှိလည်း အမြဲလိုလို စကားတွေပြောခဲ့ကြပေမယ့် အခုတော့ အရာအားလုံးက မဝံ့မရဲ ဖြစ်နေကြပြီ။ နေကောင်းရဲ့လားတောင် သွား .. မမေးဖြစ်တော့ဘူး။
ပျော်ရွှင်စရာတွေ ဖန်တီးနေကြတဲ့ အချိန်မှာ ဝမ်းနည်းစရာတွေလည်း အစပျိုးနေခဲ့ပြီဆိုတာ ဘယ်သူက သိခဲ့မှာလဲ။
အရာရာတိုင်းက မျှချေမှာဆို ဆုံးရှုံးမှု နည်းသလို ပျော်ရွှင်မှုလည်း နည်းတယ်။ အခမ်းနားဆုံး အရာတွေအတွက် စွန့်စားရမယ် မဟုတ်လား။ ထင်သလို ဖြစ်မလာတော့လည်း ဖြစ်လာတဲ့အရာတွေကို ထင်ထင်ရှားရှား မြင်တတ်အောင်ပဲ ကြည့်နေရတယ်။
ဂရုစိုက်မှုကို လိုလား နှစ်သက်ပေမယ့် ပြန် ဂရုစိုက်ဖို့ကိုတော့ မေ့နေတတ်တဲ့ တစ်ယောက် အကြောင်းကို ဂရုတစိုက် တွေးဖြစ်နေတုန်းပဲ။
သူ အဆင်ပြေရဲ့လားပေါ့။
သြော်... ဂရုစိုက်နေမိပြန်ပြီ...။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments