

သူငယ်ချင်းတွေ အချင်းချင်း သက်ဆိုင်ရာ နေရာမှာ ဘာကြီးပဲ ဖြစ်နေပါစေ အားလုံးဆုံတဲ့ အချိန်မှာတော့ တစ်ယောက်ကြောင့် တစ်ယောက် မျက်နှာငယ်စေနိုင်တဲ့ အပြုအမူမျိုး မလုပ်ကြဘူး။ ကြေးမြင့်မြင့် စကားမျိုးတွေ မသုံးကြဘူး။
အခြေအနေ အရပ်ရပ်ကြောင့် နေရာဒေသတွေ ကွဲပြားသွားခဲ့ပေမယ့် ဘယ်နေရာ ရောက်ရောက် ဘယ်အချိန် ဖြစ်ဖြစ် ကျွန်တော်တို့က သူငယ်ချင်းတွေပါပဲ။ အချင်းချင်း ရင်ဘတ်ကြီးနဲ့ ပေါင်းခဲ့ကြတယ်။ ဒါ့ကြောင့် ရင်ဘတ်ချင်းကတော့ အမြဲတမ်း နီးနေကြပါတယ်။
အားနည်းချက် အားသာချက် ကိုယ်စီ ရှိကြတဲ့ အချင်းချင်း တစ်ယောက် အားနည်းချက်ကို တစ်ယောက် အားသာချက်နဲ့ ဖြည့်ဆည်းပေးတယ်။
ရည်မှန်းချက်ကိုယ်စီနဲ့ ဘဝကို တည်ဆောက်နေကြပါတယ်။ လုပ်ဆောင်ချက် ကိုယ်စီနဲ့ အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနေကြတယ်။ အပြန်အလှန် လေးစားမှု ကိုယ်စီနဲ့ ကောင်းမွန်တဲ့ သူငယ်ချင်း ရပ်ဝန်လေး ဖြစ်လာစေတယ်။ အပြန်အလှန် အားပေမှုတွေနဲ့ စည်းလုံးမှု ပိုပို ရှိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သံယောဇဉ်တွေ ခိုင်ခိုင်မာမာ ဖြစ်တည်လာတယ်။
တကယ်တော့ သူငယ်ချင်းဆိုတာ အပြန်အလှန် ဖေးမကူညီမှုတွေနဲ့ ဘာမျှော်လင့်ချက်မှ မရှိဘဲ ဒုက္ခတွေကို အတူမျှဝေခံစား နှစ်သိမ့်ပေးသလို သုခတွေကိုလည်း အတူမျှဝေခံစား ပျော်ရွှင်ပေးနေတဲ့ ဘဝ လက်တွဲဖော် တွေပါပဲ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments