၂၀၁၂ တုန်းက အမေရိကန် ဗုံးရှင်းလင်းရေး စစ်သား Taylor Morris တစ်ယောက် အာဖဂန်နစ်စတန် ဗုံးပေါက်ကွဲမှု တစ်ခုမှာ ပြင်းပြင်းထန်ထန် ဒါဏ်ရာ ရသွားတယ်။ ပေါက်ကွဲမှုကြောင့် သူ့ ခြေထောက်တွေနဲ့ လက်တွေ အားလုံးကို ထိခိုက် စေခဲ့တယ်။ အဲ့ဒီအချိန်မှာ သူ့အသက်က ၂၃ နှစ်ပဲ ရှိသေးတယ်။
![]() |
Photo @ https://timdoddphotography.com |
Danielle ကတော့ အများ ထင်ထားသလို ရှောင်မထွက် သွားခဲ့တဲ့အပြင် Taylor ဘဝမှာ မှတ်တိုင် တစ်ခု အနေနဲ့ပါ ကျန်ရစ် နေခဲ့တယ်။ Taylor ရဲ့ ခက်ခဲတဲ့ အချိန်တွေမှာ ပြန်လည် ကုစားရေးအတွက် အနားမှာ နေပြီး ကူညီပေးခဲ့တယ်။
Taylor ပြန်ကောင်းလာဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ Danielle ရှိနေခဲ့တယ်။ Taylor နဲ့ ဝေးရာကို ဘယ်တော့မှ ထွက်မသွားခဲ့သလို Taylor တစ်ယောက် ခြေတုတွေနဲ့ လမ်းပြန်လျှောက်နိုင်တဲ့ အထိကို အနားမှာ ရှိနေပေးခဲ့တယ်။ အဲ့ဒီနောက် Taylor က Danielle ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ ပြီးတော့ သူတို့ နှစ်ဦး လက်ထပ်ခဲ့ကြတယ်။
ခက်ခဲတဲ့ အချိန်တွေရှိခဲ့ပေမယ့် အံ့သြဖို့ ကောင်းလောက်အောင် အဆုံးသက်လှတဲ့ အချစ် ဇာတ်လမ်းလေး ဒီကမ္ဘာမှာ တကယ် ဖြစ်ခဲ့တယ်။ အချစ်စစ်ရင် အဲ့ဒီ လူနှစ်ယောက်ကို ဘယ်အရာကမှ တားစီးနိုင်မှာ မဟုတ်ဘူး ဆိုတာကို သူတို့နှစ်ဦးက သက်သေပြသွားတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Photo - COURTESY PHOTO
0 Comments