
အဖေနဲ့သားဟာ စွန့်လွှတ်တဲ့ ပွဲတော်တစ်ခုကို ရောက်သွားခဲ့တယ်။ ကောင်းကင်မှာ ရောင်စုံ စွန်လေးတွေ အပြည့်နဲ့ပေါ့။ ဖခင်ဖြစ်သူက ရစ်ဘီးနဲ့ စွန်တစ်ခုကို သားအတွက် ဝယ်ပေး လိုက်တယ်။
နောက်တော့ အဲ့ဒီ စွန်လေး တဖြည်းဖြည်း အမြင့်ကို တက်သွားတယ်။
"အဖေ .. ဒီကြိုးက စွန်လေး ဒီထက် မမြင်တဲ့ အမြင့်ကို ရောက်ဖို့ အဟန့်အတား ဖြစ်နေသလိုပဲနော် ဖြတ်ပစ်လိုက်လို့ ရမလား"
အဖေဖြစ်သူက တစ်ချက်ပြုံးပြီး၊ ကြိုးကို ဖြတ်ပေးလိုက်တယ်။ စွန်လေးဟာ တဖြည်းဖြည်း အထိန်းအကွပ်မဲ့ မြင့်တက်သွားတယ်။ သားဖြစ်သူလည်း သူမျှော်လင့်သလို စွန်လေး တက်သွားတော့ ပျော်တာပေါ့။
ဒါပေမယ့် အပျော်တွေ မဆုံးခင်၊ ခဏလေးပဲ ကြာလိုက်တယ်။ စွန်ဟာ တဖြည်းဖြည်း ပြန်နိမ့်ဆင်းလာတယ်။
"အဖေ… ကြိုးဖြတ်လိုက်ရင် .. သူက ပိုပြီး လွတ်လွတ်လပ်လပ် အမြင့်ကို တက်လို့ရပီလေ ဘာလို့ ပြန်ကျလာတာလဲ?"
"ကြိုးဟာ စွန်ကို အမြင့် မရောက်ဖို့ ဟန့်တားနေတာ မဟုတ်ဘူး သား .. လေ ငြိမ်တဲ့အချိန်ပဲ ဖြစ်ဖြစ် လေ ထန် တဲ့အချိန်တွေဖြစ်ဖြစ် ရောက်နေတဲ့ အမြင့်မှာ ရပ်နိုင်အောင် ကူညီပေးနေတာ အဲ့တာကို ဖြတ်လိုက်တဲ့အခါ သူ့ကို ထောက်ပံ့နေတာကို ရပ်လိုက်တဲ့ သဘောဖြစ်သွားတယ်"
ဇာတ်လမ်းလေးက ဒီမှာ ပြီးပါတယ်။
ကျွန်တော်တို့ ဘဝမှာ ကြိုးတွေ ရှိတယ်။ မိသားစု၊ သူငယ်ချင်း စတဲ့ ကိုယ်ချစ်ရတဲ့သူတွေပေါ့။ တစ်ခါတလေ မြင်မိတတ်တယ်။ ဒီလို ကြိုးတွေသာ မရှိရင် ဘဝဟာ လက်ရှိထက် ပိုမြင့်သွားမယ်ဆိုပြီး အချုပ်အနှောင် တစ်ခုလို မြင်နေမိတတ်တယ်။ ကျွန်တော်တို့ မေ့နေတာ ရှိတယ်။
မိသာစု၊ သူငယ်ချင်း စတဲ့ ကိုယ့်ရဲ့ ချစ်ရတဲ့သူတွေ ကသာ သူတို့ရဲ့ ထောက်ခံမှုတွေ၊ တွန်းအားပေးမှုတွေနဲ့ ကိုယ့်ကို ရှင်သန် ရပ်တည်နိုင်အောင် ကူညီပေးနေတယ် ဆိုတာကိုပေါ့။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Ref : The Kite without a thread By Moral Storie
0 Comments