ဒဏ်ရာတွေကို ကျနော် မမေ့ချင်ဘူး။

Man Sitting in Front of Turned-on Screen

ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နာကျင်ရတယ်။
ဒဏ်ရာတွေ ရှိလာတဲ့အခါ အမာရွတ်တွေ ကျန်ခဲ့ဦးမှာပဲ။
မျက်ရည်ညနက်နက်တွေ ကျော်လွန်လာရင်တော့
ပုံပြင် ကောင်းကောင်း ပြန်ပြောလို့ရမှာပေါ့။

စိတ်ဓာတ်တွေကို အောက်ဆုံးထိ ချပေးနိုင်သလို
အမြင့်ဆုံးထိလည်း တင်ပေးနိုင်တယ်။
နာကျည်းစရာတွေ ပြန်ပြန်တွေးပြီး
အားတင်းထားရတဲ့အခါ မနက်ဖြန်တိုင်းအတွက်
ဒဏ်ရာတွေဟာ လောင်စာ ဖြစ်လာတယ်။
ဒဏ်ရာတွေကြောင့် သတ္တိပိုရှိလာတယ်။

ဒီလိုနဲ့ ကျေးဇူးတင်ရမလို ဖြစ်လာတဲ့အခါ
ဒဏ်ရာတွေကို ကျနော် မမေ့ချင်တော့ဘူး။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments