လိုက်ဖက်တဲ့ ဘဝတွေကို ရည်ရွယ်ခဲ့ပေမယ့်

Shallow Focus Photography of Man Sitting on Bench While Smoking
ပျော်စရာဆိုတာ လူတိုင်းအတွက် မသေချာပေမယ့် ပျော်စေချင်တဲ့ သူကတော့ ရှိတယ်။

တစ်ဖက်သားကို ပျော်စေချင်ပြီဆို လူတွေက သင်္ချာ မတွက်တတ်ကြတော့သလို ကိုယ့်ကိုယ်ကိုလည်း မကြည့်တတ်ကြတော့ဘူး။

သူပျော်လို့ ကိုယ်လည်း ပျော်ရတယ်ဆိုတဲ့ အတ္တကင်းတဲ့ ပျော်ရွှင်မှုတွေဆိုတာ အစောကတည်း သူ့ဘက် ကိုယ့်ဘက် မျှမျှတတဖြစ်ဖို့ စဉ်းစားထားတာမျိုး မရှိလို့ ညီမျှခြင်းလည်း ထိုးဖို့ ခက်တယ်။

တခြားတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို အရမ်းကြည့်နေရတဲ့အခါ ကိုယ့်ကိုယ်ကို ပျော်တယ် ပြောဖို့ အချိန်ရွေးလာရတယ်။

ပျော်ချင်နေတဲ့ လူက အရှုံးမခံတဲ့ အချိန်မှာ ပျော်စေချင်တဲ့ လူကလည်း အနိုင်ကစားလေ့ မရှိဘူး။

ဒီလိုနဲ့ … လိုက်ဖက်တဲ့ ဘဝတွေကို ရည်ရွယ်ခဲ့ပေမယ့် ဘက်လိုက်တဲ့ ဘဝတွေ အဖြစ် လက်ခံရတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments