
အနားမှာ ရှိနေတဲ့ အချိန်ဆို ရှိသလို ဂရုစိုက်ချင်တယ်။ ဝေးသွားကြမယ် ဆိုလည်း အေးအေးချမ်းချမ်း လွမ်းနေချင်တယ်။ ချစ်တယ်ပဲ ဆိုဆို မုန်းတယ်ပဲ ပြောပြော ကုန်ကုန်ပြောရရင် မချစ်ဘူးလို့ပဲ ငြင်းငြင်း ရိုးသားမှုလေးတွေသာ ရှိမယ်ဆိုရင် မကျေနပ်စရာ အကြောင်းတရားတွေလည်း ပေါ်မလာနိုင်ဘူး။
နီးဖို့ ကြိုးစားတဲ့ အချိန်တုန်းကတောင် ဘာကိုမှ မကြောက်တတ်တဲ့ သူက ပြန်ဝေးသွားမှာကို စိုးရိမ်တဲ့အခါ တစ်ခါတလေ အားလုံးကို လိုက်ပြီး ကြောက်နေရတဲ့ ဘဝမျိုး ရောက်သွားတယ်။
ဘာပဲ ဖြစ်ဖြစ် ကျေနပ်မှာလား လို့ မေးတယ်။ ကျေနပ်တယ်ဆိုတာက စောဒက တက်လို့ မရတော့တဲ့ အခြေအနေလည်း ဖြစ်နိုင်တာပဲ။ ရွေးချယ်စရာ မရှိတော့တာလည်း မဖြစ်နိုင်ဘူးလား။ ချောင်ပိတ်နေတာလည်း မျိုးဆိုရင်ရော…၊ အရှုံးပေး လိုက်တာ များလား၊ အလျှော့ပေးလိုက်တာလည်း ဖြစ်နိုင်သလို လက်ခံ လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းတွေ ဖော်ပြစရာမလိုဘူး မလား … ကိုယ်ကျေနပ်ရမှာပေါ့။
"အသေ" လှ ချင်တယ်လို့တော့ မဟုတ်ပါဘူး။ ယုယမှုလေးတွေနဲ့ အစပြုထားတဲ့ ဇာတ်လမ်းတစ်ခုမှာ နီးကြသည် ဖြစ်စေ၊ ဝေးကြသည် ဖြစ်စေ လေးနက်တဲ့ ဇာတ်သိမ်း တော့ ရှိသင့်တယ် မဟုတ်လား။ ဖြစ်ချင်တဲ့ အရာလေးတွေ မဖြစ်တဲ့အခါ လောကကြီးကို မတရားဘူးလို့ ပြောမိတယ်။ ဟိုက ကြားသွားတဲ့အခါ မဖြစ်ချင်တဲ့ အရာတွေ ပြန်ဖြစ်ပေးရှာတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments