
လူတစ်ယောက်ကို ရွေးချယ်ဖို့ အချိန်တွေ လိုအပ်တယ် ဆိုပေမယ့် ငြင်းပယ်စရာ ရှိလာတဲ့အခါမှာတော့ အကြာကြီး တွေဝေ မနေသင့်ဘူး။ အချိန်တွေထဲမှာလည်း ဘဝတစ်ခု ရှိနေတတ်တာမို့ ဒါလေးတော့ စဉ်းစားပေးဖို့ လိုလိမ့်မယ်။
ရွေးချယ်ခွင့်ရတဲ့ ကံထူးရှင်လေးက အခွင့်အရေးတွေနဲ့ သာယာနေတဲ့ အချိန်မှာ ရွေးချယ်ခွင့်မရှိတဲ့ သူက ဆုတောင်းတွေနဲ့ အချိန် ကုန်ရဦးမယ်။ ဒီထက် ပိုပြီး နေမြင့် လာတဲ့အခါ မျှော်လင့်ချက်တွေနဲ့ ကမ္ဘာတွေ ပတ်နေဦးမှာပဲ။
လူတစ်ယောက်ရဲ့ မသေချာခြင်းတွေထဲမှာ တစ်ဖက်သားရဲ့ ဘဝကို ဆွဲထားချင်တဲ့အခါ ပြန်စဉ်းစားပါ။ ဖွင့်ဟ ဝန်ခံတတ်တဲ့ လူတွေက ကောင်းတာ ဆိုးတာထက် ပွင့်လင်းမှုကို ပိုလိုချင်ကြတယ်။
စောင့်ခိုင်းထားတဲ့ သူကလည်း စောင့်နေရတဲ့ သူကို သတိရဖို့ လိုလိမ့်မယ်။
ကဲ … နားထောင်။
ဓားတစ်လက်ရယ်၊ နှလုံးသား တစ်ခုရယ် ရှိတယ်။ မသန်တဲ့ လက်က နှလုံးသားကို ယူ၊ သန်တဲ့ လက်က ဓားကို ကိုင် ၊ သေမယ့်နေ့ ဆိုတာ တစ်နေ့ ရောက်လာမှာ သိပေမယ့် ဘယ်သူမှတော့ စောင့်မနေချင်ခဲ့ဘူး။ ရက်စက် ရမယ်ဆိုလည်း အားပါ ပါစေ။
ချစ်ခြင်းမေတ္တာ အတွက် ဆိုရင်လည်း ရှက်ပြုံးလေးတွေနဲ့ ပါးပြင်လေး ပန်းရောင် သန်းသွား ရမှာပေါ့။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments