လက်ဖက်ရည်တစ်ခွက်ရဲ့ လားရာ

Image may contain: coffee cup and text

အကြမ်းခွက်လေး တစ်ခွက်၊ နှစ်ခွက်၊ သုံးခွက်
မခမ်းနားပေမယ့် ပွင့်လင်းကြတယ်။
ဒီနေရာလေးက လွတ်လပ်တယ်။

အချစ်အကြောင်းလည်း ပြောလို့ရတယ်။
စစ်အကြောင်းလည်း ပြောလို့ရတယ်။
ဝါသနာပါရင် နိုင်ငံရေးလည်း ပြောလို့ရတယ်။

မျက်နှာစုံညီ မျက်နှာချင်းဆိုင် ဆွေးနွေးလို့ရတဲ့
စားပွဲဝိုင်းလေးတွေ ရှိတယ်။

ခပ်လည်လည် စာပွဲထိုး ချာတိတ်လေး တစ်ယောက်လည်း ရှိတယ်။

လက်ဖက်ရည်ဆိုင် ဆိုတာထက် ပိုတဲ့
အဓိပ္ပါယ်တစ်ခု ရှိနေတဲ့အခါ..
လက်ဖက်ရည် သောက်တယ်ဆိုတာကလည်း
အရသာ တစ်ခုထက်ပိုပြီး ထူးခြားတဲ့ အရာတွေ ဖြစ်လာတယ်။

လမ်းထိပ်က ကုက္ကိုလ်ပင်အောက်မှာ
မီးရောင်လေး နည်းနည် လျော့ပြီး ထွန်းထားတဲ့
လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိတယ်။

မန်ယူပွဲရှိတဲ့ညတွေဆို
အဲ့ဒီမှာ ပျော်စရာ သိပ် ကောင်းတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments