
နင်ကတော့ … ဘာရယ် မဟုတ်ဘူး။
စာတွေကျက်ဦး။
စာမေးပွဲရှိတယ်လေလို့ သတိပေးလိုက်တာပဲ။
ကြံဖန်တွေးတတ်တဲ့ လူတစ်ယောက်ကတော့
ငါ့ကို မကျစေချင်ဘူးဟ ဆိုပြီး အပျော်တွေနဲ့ မျောသွားတယ်။
နင်ကတော့ … ဘာရယ် မဟုတ်ဘူး။
အဲ့ဒီမှာ မိုးတွေရွာတယ် ….။
နွေးနွေးထွေးထွေးနေလို့ ပြောလိုက်တာပဲ။
အတွေးလွန်တဲ့ … အရူးတစ်ယောက်ကတော့
ငါ့ကို ဂရုစိုက်တယ်ဟ ဆိုပြီး ကြွေဆင်းသွားတယ်။
နင်ကတော့ … ဘာရယ် မဟုတ်ဘူး။
ဘာလုပ်နေလဲ …၊
အခုချိန်ထိ အပြင်ရောက်နေတာလားလို့ . မေးလိုက်တာပဲ။
ဟုတ်လှပြီ ထင်နေတဲ့ လူတစ်ယောက်ကတော့
ငါ့ကို စိုးရိမ်နေတယ်ဟ ဆိုပြီး ခုန်စွခုန်စွ ဖြစ်သွားတယ်။
နင်ကတော့ … ဘာရယ် မဟုတ်ဘူး။
စကားလေး တစ်ခွန်း၊ စာတိုလေး တစ်ကြောင်းက
ဂရုစိုက်မှု တစ်ခု ဖြစ်သွားတယ်။
ပျော်စရာတစ်ခု ဖြစ်သွားတယ်။
ဘဝကြီးတစ်ခု ဖြစ်သွားတယ်။
မျှော်လင့်ချက် တစ်ခုဖြစ်သွားတယ်။
မရေရာခြင်းတွေအပေါ်မှာ အခြေခံထားတယ်။
မသေချာခြင်းတွေအပေါ်မှာ မှီခိုနေတယ်။
မမြင်ရခြင်းတွေအပေါ်မှာ တည်ဆောက်ထားတယ်။
ဘာရယ်မဟုတ်တဲ့ အရာတွေကြောင့်
ဘဝကြီးတစ်ခု ဖြစ်သွားတယ်ဆို ရူးသွပ်ရာကျတယ်။
ဒါပေမယ့် …မတတ်နိုင်ဘူးလေ ...၊
ငါကလည်း ပျော်နေတယ် .... <3
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments