
ဝိုင်းဝိုင်းလည်နေတယ်။
ရွေးချယ်စရာတွေ အများကြီးနဲ့ ပျော်နေတယ်။
ဒါပေမယ့် ဘယ်သူကိုမှ … မရွေးချယ်ဘူး။
ဘယ်သူ့ကိုမှလည်း … မငြင်းပယ်ဘူး။
သူက .. လှတယ်။
ကြိုးကလေးတွေနဲ့ ချည်နှောင်ထားတတ်တယ်။
အနားမှာ ရှိနေဖို့ထက် အဝေးကို ထွက်မသွားအောင်ပေါ့။
သံယောဇဉ် မှတစ်ပါး …
အခြားသောကြိုးတွေကို ဘယ်သူအလိုရှိမလဲ။
သူက … လှတယ်။
ရွေးချယ်ခံရမှန်း မသိအောင် ရွေးချယ်တယ်။
ငြင်းပယ်ခံရမှန်း သိအောင်တော့ မငြင်းဘူး။
တွေဝေတယ်ဆိုတာ … ဖြစ်တတ်ပေမယ့်
ရည်ရွယ်ချက်ရှိရှိ မပြတ်သားမှုတွေရှိနေတယ်။
အရွေးချယ်ခံတွေရဲ့ … ဘဝတွေက
မျှော်တလင့်လင့် …။
အငြင်းပယ်ခံတွေရဲ့ ဘဝတွေက
စိုးတထိတ်ထိတ် …။
လက်ထဲမှာ အဆုံးအဖြတ် ရှိနေတဲ့သူကတော့
အကွက်ကျကျ … စီစဉ်တယ်။
သူက .. လှတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments