အလျှော့အတင်း

Person Walking on Road Between Trees
ချစ်စရာကောင်းတဲ့ အလင်းရောင်လေး တစ်ခု၊
သူ့ရှိတဲ့အရပ်မှာ ညမရှိဘူး …၊
အဲ့ဒီလို စိတ်ကူးနဲ့ ပျော်နေတတ်တဲ့ လူတစ်ယောက်
အခုတော့ နေ့ပါ … ပျောက်လု ပျောက်လုဖြစ်နေပြီ။

မျှော်လင့်ချက်က
သူ့မျက်နှာ တစိမ့်စိမ့် ကြည့်နေချင်တာမျိုး …၊
တကယ်တော့
အရိပ်အကဲ ကြည့်နေရတဲ့ နေ့တွေ ပိုများတယ်။

အလျှော့အတင်း ဆိုတာကလည်း
အသက်သွင်းပြီး ပြန်သတ်ဖို့ အတွက်ပဲလား …၊
ဒါဆိုရင်တော့ … ကိုယ် ပြန် မရှင်ချင်တော့ဘူး။

ဓားချက် တစ်ဝက် နှလုံးသားကို စိုက်ဝင်သွားခဲ့ပြီးမှ
တွေဝေနေတဲ့သူက ပြန်ဆွဲနှုတ်တယ်။

နောက်ဆုံးမှာ ဒဏ်ရာ နှစ်ချက်နဲ့
ကိုယ် တစ်ယောက်တည်း ကျန်နေခဲ့တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments