ဆုံးရှုံးခဲ့ရတာ သေချာပါတယ်

Rear View of a Man Walking on Beach

ကိုယ့်အတွက် အရေးမပါတဲ့ လူတစ်ယောက် ထွက်သွားတယ် ဆိုရင် ဆုံးရှုံးရတယ်လို ခံစားမိပါ့မလား။ ကိုယ့်အနားမှာ ရှိမနေစေချင်တဲ့ လူတစ်ယောက် အဝေးကို ရောက်သွားတာကရော ကိုယ့်အတွက် ဝမ်းနည်းစရာ ရှိပါ့မလား။

အခုတော့ ဝေးခဲ့ကြပြီ ဆိုတဲ့ အသိနဲ့ ရှတတ အလွမ်းလေးတွေ ရင်ထဲမှာ ကျန်ရစ်နေတယ်။ တိုက်ဆိုင်မှုလေးတွေ ရှိတိုင်း တိတ်ဆိတ် သွားတတ်တဲ့ ကိုယ့်ကိုယ်ကိုလည်း အံ့ဩရပါတယ်။ တစ်ခုခုဆို စိတ်ထဲ ခံစားမိတာ ချရေးထားတတ်တဲ့ အတွက် Note ထဲမှာ သတိရခြင်းတွေရော၊ သတိမေ့ခြင်းတွေရော ရှိတယ်၊ ပြီးတော့ အပြောင်းအလဲ မြန်တဲ့ နေ့စွဲ တချို့ရော …။

ဝေးကွာခြင်းကို ခံစားမိတယ် ဆိုတာကလည်း ဘယ်တုန်းကမှ မဝေးချင်ခဲ့ဘူးလေ။ ဆုံးရှုံးမှု တစ်ခုကို ခံစား သိရှိဖို့ ဆိုတာ ကိုယ်တိုင်က အဲ့ဒီအရာနဲ့ ပတ်သက်ပြီး မဆုံးရှုံးချင်တဲ့ စိတ်လေး ရှိခဲ့ဖူးတာကိုး။ အဲ့ဒါမှ မရှိရင် ဆုံးရှုံးရတယ် လို့ ခေါင်းစဉ်တပ်ဖို့ ခက်လိမ့်မယ်။

ကိုယ့် တစ်ယောက်တည်း အတွက်တော့ ဆုံးရှုံးခဲ့ရတာ သေချာပါတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments