
အဲဒီနေ့က သူ ပြန်ရောက်လာခဲ့တယ်။ အရာအားလုံးအတွက် တောင်းပန်ပါတယ်လို့ ပြောတဲ့ အချိန်မှာ ကျနော် ကျေနပ်ခဲ့တယ်။ ခွင့်လွှတ်ခဲ့တယ်။ ပြီးတော့ ပျော်ခဲ့တယ်။
အယုံလွယ်တယ် ၊ ဒါမှမဟုတ် လှိမ့်လို့ရတဲ့ လူတစ်ယောက်လို့ ထင်ကောင်း ထင်လိမ့်မယ်။
ဖြစ်နိုင် ပါသေးတယ်လို့ မျှော်လင့်ပြီး ကိုယ်တိုင် ရွေးချယ်ခဲ့တယ်။ ကိုယ် မြတ်နိုးတဲ့ အရာ တစ်ခုကို မဆုံးရှုံး ချင်တဲ့အခါ လူတွေဟာ ရနိုင်သလောက် ဖက်တွယ် ထားတတ်ကြတာ သဘာဝပဲ မဟုတ်လား။
သူ့ကို ဒုတိယ အခွင့်အရေး ပေးခဲ့တာလား ဆိုတော့ မဟုတ်ဘူး။ တကယ်တော့ သူ့ကို မဆုံးရှုံးချင်တဲ့ ကိုယ်ကသာ
ဒုတိယ အခွင့်အရေး ရဖို့ အတွက် ကြိုးစားခဲ့တဲ့ သူ …။
ဒုတိယ အခွင့်အရေး ဆိုတာ သူ့အတွက်တော့ ဘယ်တုန်းကမှ မလိုအပ်ခဲ့သလို ကိုယ့်အတွက်ကျ ဘယ်တုန်းကမှ အဆင်မပြေခဲ့ဘူး။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments