ခံစားမှုတန်ဖိုးများ

Yellow, Orange, Pink, and Blue Coloring Pens on White Notebook
တန်ဖိုးတွေဟာ တစ်ဦးချင်းစီရဲ့ ခံစားနိုင်စွမ်းအပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်တယ်။ တချို့အတွက် အထူးအဆန်း မဟုတ်ပေမယ့် ခံစားတတ်တဲ့ သူတွေအတွက်ပဲ ခမ်းနားတဲ့ အရာတွေ ရှိတယ်။

မမြင်နိုင်တဲ့ တန်ဖိုးတွေအကြောင်း ပြောကြရအောင်။

အသင့်ဖျော် ကော်ဖီထုပ်နဲ့ ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်က ဘယ်လောက်တန်မယ် ထင်သလဲ။

သူကိုယ်တိုင် ကော်ဖီထုပ်လေးကို ဖောက်၊ သူကိုယ်တိုင် ရေနွေးထည့်ပြီး သူကိုယ်တိုင် ဇွန်းလေးနဲ့ မွှေပေးထားမယ်ဆိုရင်ရော..။ အဓိပ္ပါယ်တစ်ခု ရှိသွားတယ်လို့ ခံစားရတယ် မဟုတ်လား။

ဘောပင်တစ်ချောင်းကို ဘယ်မှာ ဝယ်ဝယ် ရပေမယ့် သူပေးတဲ့ …. ဘောပင်လေး ဖြစ်နေတဲ့အခါ စာရေးလို့ရတဲ့ ပစ္စည်းတစ်ခုဟာ စာရေးလို့ရတာထက် ပိုသွားတယ် မဟုတ်လား။

သူ ထုတ်ပေးတဲ့ ပီကေလေးကို စာအုပ်ကြားထဲ ညှပ်ထားလိုက်တယ်။ သကြားလုံးလေးကို ကျောပိုးအိတ်ထဲမှာ သိမ်းထားလိုက်တယ်။ စားစရာတွေကို သိမ်းထားမိတာကသူ့ဆီကနေပဲ ရနိုင်တဲ့ ခံစားမှု ရှိတဲ့ အရာလေးတွေမို့ပါ။ Limited Edition တွေပေါ့။

တချို့အရာတွေဟာ အထူးအဆန်းမဟုတ်ပေမယ့် ချစ်ရတဲ့သူနဲ့ ပတ်သက်မိတဲ့အခါ မမြင်နိုင်တဲ့ တန်ဖိုး တစ်ခု ရှိသွားတတ်တယ်။ အဲ့ဒီအရာကို ခံစားမိလား?

ခံစားမှု တန်ဖိုးတွေ အကြောင်း နားလည်တဲ့သူတွေဟာ ခံစားချက်ရှိတဲ့ သူတွေပဲ ဖြစ်လိမ့်မယ်…။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments