
ရည်းစားဦးဆိုတာ အနည်းဆုံးတော့ ကိုယ်ပြောတဲ့ ချစ်တယ် ဆိုတဲ့ စကားကို သူစိမ်း တစ်ယောက် အနေနဲ့ ပထမဆုံး ယုံကြည်ပေးခဲ့တဲ့ လူတစ်ယောက်ပဲ မဟုတ်လား။
စိတ်ညစ်စရာ ရှိတဲ့အခါ တခြားသူတွေကို ပြောပြလို့ မရတဲ့အခြေအနေမှာ သူ့ပဲ ရင်ဖွင့်ရတယ်။ အရည်မရ အဖက်မရ စကားတွေလည်း ပျော်စရာ ကောင်းလောက်အောင် အတူတူ ထိုင်ပြောပေးခဲ့တဲ့ သူ ဆိုလည်း ဟုတ်တယ်။ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ စကားတွေ ခဏခဏ ပြောပေးတဲ့ အဖော်တစ်ယောက် ဆိုတာ လွယ်လွယ်တော့ မရနိုင်ပါဘူး။
ဘဝမှာ ချစ်စရာ ကောင်းအောင် စိတ်ကောက်ပြခဲ့တဲ့ ပထမဆုံး လူတစ်ယောက် ဆိုလည်း ဟုတ်တယ်၊ ကိုယ့်လို ကြောင်တောင်တောင်ကို သဝန်တိုခဲ့ဖူးတဲ့ ပထမဆုံး သူစိမ်း တစ်ယောက် ဆိုလည်း ဟုတ်တယ်။ အချိန်တွေ သိပ်မကြာခဲ့ဘူး ဆိုရင်တောင် သူဟာ အခိုက်အတန့်လေး တစ်ခု အတွက်တော့ တွဲလက် အဖြစ် ရှိနေခဲ့တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments