
အပြန်အလှန် ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံ ဖြစ်နေခဲ့မယ်ဆိုရင် တစ်ဖက်က လွှတ်လိုက်ရုံနဲ့ လွယ်လွယ် ပြုတ်ကျမသွားတတ်ဘူး။
တွဲထားတဲ့ လက်တစ်စုံကို ခံစားကြည့်မိတယ်။ မင်းက ကိုယ့်ကို တွဲထားတာလား၊ ကိုယ်က မင်းကို တွဲထားတာလား၊
ဘယ်လောက်တောင် ခိုင်ခံ့လိမ့်မလဲ စိတ်ကူးယဉ်နေမိတယ်။ ကိုယ်ကလည်း .. ရူးတယ်နော် ..။
အသွားရှိပြီး အပြန်မရှိတဲ့ ဂရုစိုက်မှုတွေအကြောင်း ပြောပြတဲ့အခါ မင်းက စိတ်ဆိုးတယ်။ ဒီလိုနဲ့ပဲ ကိုယ်ဟာ ပိုပိုပြီး ဂရုစိုက်လာမိတယ်။
လျစ်လျူရှုမှုတွေကို ယူပြီး ဂရုစိုက်မှုတွေနဲ့လဲနေရပေမယ့် မင်းပျော်လို့ဆိုတဲ့ အကြောင်းအရင်းတစ်ခုတည်းနဲ့ ကိုယ်လည်း ပျော်ရတဲ့ အခါတော့ ရှိတယ်။ ကိုယ်ပျော်လို့ဆိုပြီး … မင်းရော ပျော်ခဲ့ဖူးလား။
ဖြေရခက်နေရင်လည်း နေပါစေ…၊ မင်းကျေနပ်ဖို့ဆိုရင် ကိုယ်မကျေနပ်ဘဲ နေလို့ မရဘူးလေ။ ကိုယ်ချစ်တာ … မင်း သိတယ် မဟုတ်လား၊
မင်းချစ်တာ ကိုယ်သိဖို့တော့ အတော် ကြိုးစားနေရတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments