
နှစ်ယောက်အတူ လျှောက်မယ့် လမ်းက
ဖြောင့်ဖြူးနေလိမ့်မယ်လို့ မျှော်လင့်ထားတာထက်
ကောင်းမွန်တဲ့ လက်တွဲဖော်တွေ အဖြစ်ရှိနေမယ်လို့
ယုံကြည်ထားကြတယ်လေ …၊
သဘောထား မတိုက်ဆိုင်မှုတွေ ဆိုတာ ကလည်း
ညီမျှခြင်း ထိုးဖို့အတွက် ကြိုးစားရင်း …. ဖြစ်ကြရတယ်။
ဘယ်သူကများ … ဝမ်းနည်းစရာတွေကို ဖန်တီးရက်မှာလဲ။
အပြန်အလှန် နားလည်မှုပေးနိုင်ဖို့ ကြိုးစားနေကြပေမယ့်
သူ့ရဲ့ သဘာဝကိုက လွဲတတ်တဲ့ သဘော ရှိနေတော့ ..၊
မတော်တဆ … စိတ်မကောင်းဖြစ်သွားရတဲ့ အခိုက်တန့်တွေ …၊
အလိုလိုနေရင်း ဝမ်းနည်းစေခဲ့တဲ့ အချိန်တွေ .. ရှိတယ်။
ချစ်ခြင်းမေတ္တာကို ပြချင်တယ်။
ဝမ်းနည်းစရာတွေကို ဖုံးကွယ်ထားချင်တယ်။
ဒဏ်ရာတွေနဲ့ အသားကျနေတဲ့သူမို့
နာကျင်စရာရှိရင်လည်း ကိုယ်ပဲ ခံစားလိုက်ချင်တယ်။
ကိုယ်က သိပ်ကို … တကိုယ်ကောင်း ဆန်တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments