ယုံကြည်စရာတွေ များချင်တယ်

Monochrome Photography of People Shaking Hands

အပြောင်းအလဲ ဆိုတာ နေရာတိုင်းမှာ ရှိတယ်။ ကိုယ်ယုံကြည်မိတဲ့ လူတွေမှာလည်း အပြောင်းအလဲတွေ ရှိနိုင်တာပဲ။ ယုံကြည်မှုတွေ ဖျက်စီး ခံလိုက်ရတဲ့ အချိန်ဆို ကမ္ဘာပျက်သလို ခံစားရတာ ထုံးစံ။ ရုတ်တရက် ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူးလို့ ပြောတတ်ကြပေမယ့် နောက်တော့လည်း ယုံကြည်စရာတွေ့ရင် ထပ်ပြီး ယုံကြည် မိကြတာပါပဲ။

ဘယ်သူကိုမှ မယုံတဲ့ လူတစ်ယောက်ကို ဘယ်သူကမှလည်း မယုံဘူးနော်။ ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့ ဘဝမျိုးကို စိတ်ကူးယဉ်ကြည့်တာ နောက်ကျော မလုံဘူး၊ တစ်ယောက်တည်း ဖြစ်နေသလိုလည်း ခံစားရတယ်။ စိတ် အေးချမ်းမှု ကိုလည်း မရနိုင်ဘူးလို့ ထင်တယ်။ နှစ်ယောက်ပေါင်းလို့ ဖြစ်လာတဲ့ လူက တစ်ယောက်တည်း နေလို့ ဖြစ်ပါ့မလား၊ ဘယ်သူနဲ့မှ စကားမပြော၊ ဘယ်သူ့ကိုမှလည်း မယုံဘဲနဲ့ပေါ့။

လက်တွေ့ဘဝမှာက မဖြစ်မနေကို ယုံကြည်ပေးရမယ့် လူတွေ ရှိနေသလို အခြေအနေတွေလည်း အများကြီး ရှိနေတယ်။

ယုံကြည်မှု ဆိုတာကလည်း သေချားစဉ်းစားကြည့်ရင် လူသားဆန်မှု တစ်ခုပဲ …၊ ဆိုကျိုးလည်း ရှိတယ်၊ ကောင်းကျိုးလည်း ရှိတယ်။ သိသိကြီးနဲ့ကို ယုံကြည်မှုနဲ့ ပတ်သက်ရင် စွန့်စား တတ်ကြတယ်။

လူတိုင်းကို မယုံကြည်တဲ့ ပုံစံ နေရာတကာ လိုက်ပြနေလို့လည်း အဆင်မပြေဘူး။

ယုံကြည်တာက ပြဿာနာ ရှိနိုင်ပေမယ် ဘယ်သူကိုမှ မယုံကြည်ရတဲ့ ဘဝမျိုးက ယုံကြည်ရတဲ့ လူတွေနဲ့ ရှိနေတာလောက် အဆင်ပြေပါ့မလား။

_____________
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments