
သတိရတဲ့အကြောင်း သတိရတဲ့သူကိုပဲ ပြောချင်တာပေါ့။
တခြားတစ်ယောက်ကို ရင်ဖွင့်နေရတဲ့ဘဝမျိုးက တကယ် ခက်ခဲတယ်။
တစ်ယောက်တည်း ပျော်နေတတ်တဲ့ လူက
မင်းနဲ့အတူ … ပျော်စရာလေးတွေ ဖန်တီးရင်း
အချိန်တွေကို ဖြတ်သန်းခဲ့မိတယ်။
ဒီလိုနဲ့… ပျော်စရာတွေက
မင်းနဲ့အတူပဲ ရှိနေတော့တယ် ထင်ပါတယ်။
တကယ်တော့ ကိုယ်ဟာ အဆင်ပြေနေတဲ့ ဘဝလေးထဲကို
ကိုယ်တိုင် အဆင်မပြေမှုတွေ ခေါ်လာခဲ့တာလား၊
နောင်တမရချင်ပေမယ့်
အချိန်တွေ နောက်ပြန်ဆုတ်ချင်စိတ် တစ်ခါတလေ ဖြစ်တယ်။
ချစ်ခြင်းမေတ္တာမှာ အရှုံးအမြတ် တွက်တတ်တဲ့သူက
ဘယ်တော့မှ မရှုံးဘူးနော် ..။၊
မတွက်တတ်တဲ့ သူပဲ အနှုတ်လက္ခဏာ ထွက်ရတာ။
ရှုံးနေရတဲ့ ဘဝမျိုး ဘယ်သူက ရောက်ချင်မှာလဲ။
တစ်ခါတလေကျတော့လည်း
တစ်ယောက် ပြုံးဖို့အတွက်
တစ်ယောက်က အရှုံးပေးရတယ်လေ။
သိပ်ချစ်တဲ့ အကြောင်းကိုလည်း
ချစ်တဲ့သူကိုပဲ ပြောချင်တာပေါ့။
တခြားတစ်ယောက်ကို ရင်ဖွင့်နေရတဲ့ဘဝမျိုးက
တကယ် ပင်ပန်းတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments