လိုအပ်ချက်တွေ ပြည့်စုံခဲ့ပါတယ်

White, Black, and Red Person Carrying Heart Illustration in Brown Envelope

ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်း တစ်ခုကို
ရှာတွေ့ခဲ့ပြီ အမှတ်နဲ့ မြူးနေခဲ့ဖူးတယ်။
တကယ်တော့ … ကိုယ်ဟာ
ပျောက်ဆုံးသွားမယ့် အစိတ်အပိုင်း တစ်ခုအပေါ်မှာ
ပန်းပင်လေးကို ပျိုးရင်း၊ အပွင့်လေးကို မျှော်လင့်ပြီး၊
အိပ်မက်လှလှလေးတွေ မက်နေခဲ့တဲ့ လူတစ်ယောက်။

နူးညံ့တဲ့ ပန်းလေးတစ်ပွင့်က
ရက်ရက်စက်စက် မူးဝေစေလိမ့်မယ်တဲ့။
မျှော်လင့်ချက်နဲ့ ရှင်သန်နေရတဲ့ လူတစ်ယောက်က
မျှော်လင့်ချက်ကြောင့်ပဲ သေရလိမ့်မယ်လို့တော့
ဘယ်သူက တွေးမိပါ့မလဲ…၊
ကိုယ်က ပန်းပွင့်လေးကို ယုံတယ်။

ရွေးချယ်စရာ ဘယ်လောက်များ ရှိခဲ့လို့လဲမေးရင်
တစ်ခုပဲ ရှိခဲ့တယ်လို့ ဖြေရလိမ့်မယ်။

လူတစ်ယောက်ကို အနိုင်ယူဖို့အတွက်
အဲ့ဒီလူက မင်းကို မုန်းနေဖို့ လိုတယ်။
ဒါမှမဟုတ် ချစ်နေရမယ်။

လိုအပ်ချက်တွေ ပြည့်စုံခဲ့ပါတယ်။
ကိုယ်ကလည်း မင်းကို ချစ်တယ်။
ပြီးတော့ … မင်းကလည်း .. ကိုယ့်ကို နိုင်တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments