
အစိမ်းသက်သက် လူတစ်ယောက်ကိုတောင်
တည်တည်ငြိမ်ငြိမ် တုံ့ပြန်တတ်သူက
အရင်းနှီးဆုံး သူငယ်ချင်းနဲ့မှပဲ
ကမ္ဘာပျက်သလို ခါးခါးသီးသီး ဖြစ်ရတယ်လို့ ..။
တခြား အရောင်တွေ ဝင်လာတယ် ပြောပြီး
မရိုးသားခြင်း တစ်ခုလို့ ခေါင်းစဉ် တပ်တယ်။
စွပ်စွဲချက်တွေက ပြင်းထန်တော့
အဖြူရောင်ဆန်တဲ့ အချစ်တွေလည်း
အလဲလဲ အပြိုပြို
အမှန်တရား တစ်ခုကို အမုန်းတရားနဲ့ စီရင်တဲ့အခါ
ပြစ်မှုနဲ့ ပြစ်ဒဏ်ကြားက ညီမျှခြင်း ပျောက်သွားတယ်။
စည်း ဆိုတဲ့ စကားနဲ့ သတ်တဲ့အခါ ဘယ်သူ .. မသေ ရှိမလဲ …။
တကယ်တော့ …
အချစ်ဆိုတဲ့ အရာကလည်း
ရိုးသားခြင်း တစ်မျိုးပဲ မဟုတ်လား။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments