
ဖန်တီးထားတဲ့ … ပုံရိပ်တွေက ပီပြင်လွန်းတဲ့အခါ
ကြည့်နေရတဲ့သူ … ဝမ်းနည်းရစမြဲ ….။
သူက .. သိပ်ကို တော်လွန်းခဲ့တယ်။
ရိုးအလွန်းရင် … အလိမ်ခံရတတ်တယ် ဆိုပေမယ့်
ရိုးအချင်ယောင်ဆောင် တတ်ရင်တော့ လှည့်စားလို့ရတယ်။
အချိန်မရွေး မျက်ရည် ကျလို့ရနေတာကလည်း
ကြောက်စရာကောင်းတဲ့ ပညာရပ်တစ်ခုပဲ မဟုတ်လား။
မျက်ရည်က သူ့အတွက် … လက်နက်တစ်ခု ဖြစ်ခဲ့တယ်။
ကျနော့်အတွက်ကတော့ အားနည်းချက် တစ်ခုပေါ့။
ယုံကြည်ရာ … အမှန်တရားတစ်ခုရဲ့ နောက်ကွယ်မှာ
အမှားတွေ ရှိနေလိမ့်မယ်လို့တော့ ဘယ်သူကများ … တွေးမိခဲ့မလဲ။
ပညာသည်တွေရဲ့ လက်ရာက သေသပ် လွန်းတဲ့အခါ
အမှားတွေက စနစ်တကျ ဟန်ဆောင်တတ်တယ်။
တစ်ခါတလေ လူတော်တွေနဲ့ တွေ့ရတာကလည်း
နောက်ကျော မလုံဘူး။
နောင်တမရချင်တဲ့ စိတ်ကို တင်းထားတယ်။
လှောင်ရယ်သံတွေကလည်း …. တစိမ့်စိမ့် လာရိုက်ခက်နေတယ်။
မျက်ဝန်းမှာ … ဝမ်းနည်းမှုတွေ တစ်စ .. တစ်စ၊
နှလုံးသားမှာလည်း … ဒဏ်ရာတွေ အပြည့် ..
သင်ခန်းစာတွေရတဲ့ အချိန်မှာတော့ စာမေးပွဲက ပြီးဆုံးသွားခဲ့ပြီ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments