ဒီလိုနဲ့ … ကျရှုံးခဲ့တယ်။

Person Standing Near Lake

ငြင်းပယ်ခြင်း တစ်ခု မဟုတ်ခဲ့သလို
မရွေးချယ်ခြင်းလည်း မဖြစ်ခဲ့ပြန်ဘူး။
ဒါဟာ ကိုယ့်အမှား တစ်ခုပဲ ဆိုကြပါစို့..။

ရုပ်ဝတ္ထုတွေဟာ ကြိုးစားမှုနဲ့ ညီမျှခြင်းချလို့ ရနိုင်ပေမယ့်
မတူညီတဲ့ စိတ္သေဘာထား၊
ကွဲပြား ခြားနားတဲ့ ခံယူချက်၊
အဲ့ဒီအရာတွေကို ယှဉ်တွဲဖို့ ကြိုးစားရတာ
တကယ် ပင်ပန်းတယ်။

မတူညီမှုတွေ အရမ်းများခဲ့သလို
မညီမျှခြင်းတွေလည်း ပေါပေါလောလောပဲ။

သည်းခံမှုနဲ့ နားလည်ပေးမှုတွေက
အနည်းနဲ့ အများတော့
နာကျင်ရတာချည်းပဲ မဟုတ်လား။

မျှော်လင့်ခြင်းက ရိုးရှင်းပါတယ်။
ပျော်ရွှင်ခြင်းရဲ့ အကြောင်းပြချက်တစ်ခုကို
ဖန်တီးမယ်ပေါ့။

ကိုယ့်ပျော်ရွှင်မှုကို အခြားတစ်ယောက် လက်ထဲ ထည့်တာက
နည်းနည်းတော့ စွန့်စားရာ ကျတယ် မဟုတ်လား။
ကိုယ်… စွန့်စားခဲ့ပါတယ်။
သတ္တိကောင်းတဲ့သူကြီးပေါ့။
-
-
ဒီလိုနဲ့ … ကျရှုံးခဲ့တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments