
ဒါ့ကြောင့် အားလုံးက ဒီက ထွက်သွားဖို့ အတွက် လှေတွေ အသီးသီး တည်ဆောက် ကြပါတယ်။ ဒါပေမယ့် အချစ်ကတော့ ထုံးစံအတိုင်း ခေါင်းမာတယ်။ ဒီကျွန်းကို မစွန့်လွှတ်နိုင်ဘူး။ လှေလည်း မဆောက်ဘူး။
ဒီလိုနဲ့ ကျွန်းပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့မယ့်သူ အချစ် ဖြစ်သွားတယ်။
အချစ်ကလည်း သဘာဝအတိုင်း ကြီးကြီးမားမား ရည်ရွယ်ချက်မရှိပါဘူး။ ရနိုင်သမျှ တတ်နိုင်သမျှ နောက်ဆုံး အချိန်လေး အထိ ဒီကျွန်းလေးပေါ်မှာ နေသွားချင်ရုံ …။
-
-
-
တဖြည်းဖြည်း ကျွန်းက ရေအောက်ကို မြှုပ်လုနီးနီး နောက်ဆုံး အချိန် ရောက်လာခဲ့ပါပြီ။ ဒီတော့ အချစ်လည်း ထပ် ခေါင်းမမာ နိုင်တော့ဘူး။ ဒီကျွန်းက ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သူ့မှာ လှေမရှိသေးဘူး။
ဒီအချိန်မှာ ချမ်းသာခြင်းက လှေ အကောင်းစားကြီးနဲ့ ထွက်လာခဲ့ပါတယ်။ အချစ်က လှမ်းအော်ပြီး သူ့ကို ခေါ်သွားပေး နိုင်မလား အကူအညီ တောင်းခဲ့တယ်။ သူ့လှေပေါ်မှာ ရွှေတွေ၊ ငွေတွေနဲ့ ပြည့်နေပြီ .. မင်းအတွက် နေရာမရှိဘူး ဆိုပြီး ငြင်းပါတယ်။
ဝမ်းနည်းခြင်းဆိုတဲ့ ကောင်ကလည်း လှေနဲ့ ထွက်လာပါတယ်။ အချစ်က ခေါ်သွား ပေးနိုင်မလား ပြောကြည့်တယ်။ ငါ အခု ဝမ်းနည်းနေတယ် တစ်ယောက်တည်းပဲ နေပါရစေ ဆိုပြီး ငြင်းပါတယ်။
ပျော်ရွှင်ခြင်း ဆိုတဲ့အရာကလည်း လှေနဲ့ ထွက်သွားတယ်။ အချစ်က လှမ်းအော်ပြီး အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမယ့် သူက အရမ်းပျော်နေတော့၊ အချစ် ရဲ့ ခေါ်သံကိုတောင် မကြားနိုင်အောင်ပေါ့။
ရုတ်တရက် .." လာလေ .. ငါမင်းကို ခေါ်သွားမယ်" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ သူကတော့ တခြားမဟုတ် သူတို့အားလုံးရဲ့ အကြီးအကဲ အသိဉာဏ် ဖြစ်တယ်။ အချစ်ကလည်း သူ့ကို အကူအညီတောင်းဖို့ မေ့နေခဲ့တာကိုး။
ဒါပေမယ့် အခု ကူညီမယ်ဆိုတော့ တစ်ယောက်တည်း ကျန်ခဲ့မလို ဖြစ်နေတဲ့ အချစ် စိတ်အေးသွားတယ်။
ဒီလိုနဲ့ ဘယ်သူမှ မခေါ်တဲ့ အချစ်ကို အသိဉာဏ်က ခေါ်သွားတယ်။ အချစ်ဟာ အသိဉာဏ်ရဲ့ ခေါ်ဆောင်ရာအတိုင်း လိုက်သွားရတယ်။ ဒီလိုနဲ့ အချိန်တစ်ခု ကြာလာတဲ့အခါ အချစ်ဟာ အန္တရာယ်တွေကနေ လွတ်မြောက်ပြီး သူပုံမှန် အတိုင်း ပြန်ဖြစ်လာပါတယ်။
ဒီအချိန်မှာ အချစ်က သူ့ကို ကူညီခဲ့တဲ့အတွက် အသိဉာဏ်ကို ကျေးဇူးတင်စကား ပြောပါတယ်။
အသိဉာဏ်က သူတစ်ယောက်တည်း ကူညီခဲ့တာ မဟုတ်ဘူးလို့ ဖြေပါတယ်။ ဒီတော့ ဘယ်သူရှိသေးလဲလို့ မေးလိုက်တယ်။
အသိဉာဏ်က ပြုံးပြီး ဖြေပါတယ်။
"အချိန်ပဲ"
"အချိန်ဟာ မင်းရဲ့ တန်ဖိုးကို နားလည်နိုင်ပြီး၊ မင်းကို ကုစားပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ"
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments