
မုန့်ကလေး တစ်ခုကို ယူပြီး
ကလေးနှုတ်ခမ်းနားမှာ မထိတထိ …။
အပျော်လေးတွေ၊ အပြုံလေးတွေနဲ့
ပါးစပ်ဟလာတဲ့အခါမှ သူက ပြန်ရုတ်သွားတယ်။
ပြုသမျှ နုနေရတဲ့ အခြေအနေမှာ
စေလိုရာ စေရတဲ့ သူအတွက်က ပျော်စရာတွေချည်းပါပဲ။
အနည်းဆုံးတော့ သူ့အတွက် ဝမ်းနည်းစရာ မရှိဘူးလေ။
မျက်လုံးလေး ပေကလက်၊ ပေကလက်ဖြစ်နေရတဲ့
ကလေးငယ်အတွက်က အော်ငိုနေရုံပဲ တတ်နိုင်မှာပါ။
လူတစ်ယောက်ရဲ့ အဆုံးအဖြတ်က
လူတစ်ယောက်အတွက် မျှော်လင့်ချက်ဖြစ်နေတယ်။
ကျီစားနေတဲ့သူက အပြုံလေးတွေနဲ့ ကျေနပ်နေတဲ့ အချိန်မှာ
အသုံးချခံက ပျော်ရွှင်ရမှာလား၊ ဝမ်းနည်းရမှာလား။
- ချစ်ခြင်းများစွာဖြင့် | တိုးတက်အောင်(ပဲခူး)
0 Comments